Events
ကမ္ဘာ့ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် အစားအစာပြပွဲ (World of Travel, World of Trade & Taste EXPO- WTTT EXPO) ကျင်းပမည်
Updated At: 2024-12-26 14:07:24
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ Broward County Convention Center ၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိလည်းကောင်း ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၊ Metro Convention Center တွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိလည်းကောင်း ကမ္ဘာ့ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့်အစားအစာပြပွဲ (World of Travel, World of Trade & Taste EXPO- WTTT EXPO) ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားသည်-
၁။ မြန်မာနိုင်ငံမှကုမ္ပဏီများအနေဖြင့် WTTT EXPO တွင် ပါဝင်ပြသနိုင်မည်ဆိုပါက မြန်မာထွက်ကုန်များကို ပြသနိုင်ခြင်း၊ မြောက်အမေရိကန်နိုင်ငံများ၊ လက်တင်အမေရိကန်နိုင်ငံများနှင့် ကာရေဘီယံဒေသနိုင်ငံများမှ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားကုမ္ပဏီများနှင့် အဆက်အသွယ်များ တည်ဆောက်နိုင်ခြင်း၊ ဈေးကွက်အခြေအနေများ သိရှိနိုင်ခြင်း စသည့်အခွင့်အလမ်းများရရှိနိုင်ပါကြောင်း။
၂။ WTTT EXPO သည် အစိုးရကိုယ်စားလှယ်များ၊ စက်မှုလုပ်ငန်းများမှ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် ဖန်တီးပေးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း။
၃။ မြန်မာစက်မှုလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံပြခန်း (Myanmar Industry Workshop and Pavilion at WTTT EXPO) တို့ကို ဖွင့်လှစ်ပြသနိုင်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းအားပေး မြှင့်တင်ခြင်းနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ခြင်း၊ ပြပွဲတွင်ပါဝင်သည့် အခြားနိုင်ငံများနှင့်ကာလရှည်ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း။
၄။ မြန်မာပြခန်းနှင့်အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ရာတွင် ပြခန်းနှင့်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ဧည့်သည်များနှင့် ပြပွဲလာရောက်ကြည့်ရှုသူများကို ပွဲစီစဉ်သူက ဖိတ်ကြားရမည်ဖြစ်ကြောင်း၊ မြန်မာသံရုံးအတွက် ပြခန်းနေရာကို အခမဲ့စီစဉ်ပေးနိုင်သော်လည်း ပြခန်းဆောက်လုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲအတွက် စီစဉ်မှုအားလုံးကို ကျခံမည် မဟုတ်ကြောင်း။
၅။ ပြခန်းပြသမည်ဆိုပါက ပြခန်းနေရာ (၅ x ၁၀) ပေ၊ စားပွဲ၊ ထိုင်ခုံ (၂) လုံး၊ အခင်းနှင့် အမှိုက်ပုံး အပါအဝင် ပြပွဲ (၂) ရက်စာအတွက် အမေရိကန်ဒေါ်လာ (၁,၁၅၀) (အခွန်မပါ) နှင့် စီးပွားရေးဆိုင်ရာ ကွန်ဖရင့်များသို့ ဝင်ရောက်ခွင့် (၂ ရက်တာအတွက်) အမေရိကန်ဒေါ်လာ (၂၅၀) (အခွန်မပါ) ကျသင့်မည်ဖြစ်ကြောင်း။
၆။ မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များအနေဖြင့် ဧည့်ဝင်ခွင့်ကတ်ဖြင့် ပါဝင်တက်ရောက်နိုင်ပြီး မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပြသမည်ဆိုပါက ပြခန်းနေရာ (၅ x ၁၀) ပေအတွက် အမေရိကန်ဒေါ်လာ (၁,၁၅၀ + အခွန်) ပေးဆောင်ရမည်ဖြစ်ပြီး မြန်မာကိုယ်စားပြုပြခန်းနှင့် ဆွေးနွေးပွဲများကို ပြခန်းစီစဉ်ပေးသည့် ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၇။ ပြပွဲစီစဉ်ခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ၊ ဆွေးနွေးပွဲနှင့်အစည်းအဝေးပွဲများကိုလည်း မြန်မာဘက်မှဆောင်ရွက်ရမည်ဖြစ်ပြီး ပြခန်းခ၊ ပြခန်းတည်ဆောက်ခြင်းနှင့်ပြင်ဆင်ခြင်း၊ မှတ်ပုံတင်ကြေး စသည့်ကုန်ကျစရိတ် အဝဝ ကျခံရမည်ဖြစ်ကြောင်း။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.worldoftravel. tv ဝက်ဘ်ဆိုက်တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025